About Me
Name: Yoya May
Home: yangon, yangon, Myanmar (Burma)
About Me: စာပေနယ်မှာ မရင့်ကျက်သေးတဲ့ ဘာမှမဟုတ်သေးတဲ့ လူသားတစ်ယောက်ပါ
See my complete profile
Previous Post
Archives
Sidebar Section

Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.

Links

Free Blogger Templates

BLOGGER

 

 

 
  Wednesday, September 9, 2009  
 
 
မကျင်းပလိုက်ရသော အကျင်းပချင်ဆုံးမွေးနေ့လေး
၂၃.၇.၀၈ ရက်နေ့ပေါ့ ထုံးစံအတိုင်းကျောင်းတော်ကြီး gtc မှာပေါ့ ညနေ၃နာရီလောက်ဆိုအားလုံးရွစိရွစိနဲ့ ဘာဖြစ်သလဲဆိုတော့ အိမ်ပြန်ချိန်နီးလေ ဖယ်ရီခုံမရမှာစိုးလို့ ဖင်တကြွကြွနဲ့ကားနေရာဦးဖို့ တာဆူနေကြပြီလေ အဲ့ထဲမှာ ဟောဒီရိုးရာမေဆိုတာ ထိပ်ဆုံးကပါတယ် ဟုတ်ပါတယ် ဘယ်သူမဆိုဒီ ဝေးလွန်းတဲ့ခရီးကို ကော်ခုံပိစိလေးနဲ့ မထိုင်ချင်ကြဘူးလေ ဆိုဖာခုံမှာငြိမ့်ငြိမ့်လေးစီးသွားချင်တာပေါ့။ ရှေ့ကဆရာမစာသင်နေတာအားတော့နာပါတယ် မတတ်နိုင်ဘူးလေ အိမ်သာသွားမယ်ဆိုပြီးဆရာမကိုဖောပြီးတော့ သူငယ်ချင်းကောင်းယောင်းမတို့နဲ့ စာအုပ်လေးသုံးလေးအုပ်ယူပြီး ထွက်လာခဲ့ပါတယ် စာအုပ်ယူလာတာစာကျက်ဖို့လားဆိုတော့ မထင်ပါနဲ့ gtc ကျောင်းသူတွေအဲ့လောက်မကြိုးစားပါဘူး အဟဲ ကားနေရာဦးဖို့အတွက်ယူလာတာ။ ဇူလိုင်လလို့မပြောရဘူး ကောင်းကင်မှာတိမ်တွေမည်းတူးနေတာပဲ မြန်မြန်သွက်သွက်ကျောင်းရှေ့နားလျှောက်ပြီး ကားအလာကိုမျှော်တော်ယောင်သွားလုပ်ရတယ် ကိုယ့်လိုပဲ အကြံတူဥာဏ်တူရန်သူ တွေလည်းမျက်စောင်းတခဲခဲနဲ့ကားစောင့်နေကြလေရဲ့ အကျဉ်းချုံးပြောရရင် ကားလာတယ် အပြေးအလွားနေရာလုတယ် နောက်ဆုံးခုံရသွားတယ် စုစုပေါင်းလေးခုံ ကိုယ်ရယ် အတူပါတဲ့သူငယ်ချင်းရယ် အတန်းထဲမှာ ကျန်ခဲ့တဲ့၂ယောက်ရယ် အတွက်လုံလောက်ပြီလေ။ နဖူးမှာစို့လာတဲ့ချွေးတွေကို တစ်ရှုးနဲ့သုတ်ရင်း အခန်းထဲမှာကျန်ခဲ့တဲ့ဂျီးတော်၂ ယောက်ကို အသံတိတ်ကျိန်ဆဲပစ်လိုက်တယ် ကိုယ်ကတော့ဒီမှာလာပြီး ပင်ပန်းလို့ သူတို့ကတော့ အတန်းထဲမှာဟီးဟားနေကြတယ်ဆိုပြီးတော့လေ။ မောမောနဲ့ ၂ယောက်သားပြန်လာတော့ မိုးငွေ့တွေပါတဲ့လေတွေ အေးစိမ့်နေအောင်တိုက်တာ ကြက်သိမ်းတောင်ထတယ် ကိုယ့်ကိုယ်ကိုယ် ဖျားချင်နေမှန်းလုံးဝမသိဘူး လမ်းမှာသူငယ်ချင်းကို မနက်ဖြန်၁၈နှစ်ပြည့်မွေးနေ့မှာ ဘာတွေလုပ်ကြမယ်ပေါ့ပါးစပ်အရသာခံပြီးပြောနေတာ တကယ်အရမ်းမျှော်လင့်ထားတဲ့ မွေးနေ့ကမနက်ဖြန်ဆိုရောက်တော့မှာလေ ရင်ခုန်လိုက်တာ..။ အတန်းထဲပြန်ရောက်တော့ ဘာမဟုတ်တဲ့အကြောင်းအရာပြောပြီးရီနေတဲ့ သူငယ်ချင်းမတွေက အိုကေလားဆိုပြီးလှမ်းမေးတယ် ပြန်ပြောဖို့အားလည်းမရှိဘူး ၂ကောင်သား စာရေးစားပွဲပေါ် လက်တင်ပြီး မှောက်နေလိုက်တယ် ဒီနေ့မှအတော်လေးပင်ပန်းနေတယ် သူငယ်ချင်း၆ယောက်ထဲက တစ်ယောက်ကနေကောင်းရဲ့လား လို့လှမ်းမေးတယ် ကြားတစ်ချက်မကြားတစ်ချက်နဲ့ပဲ အိပ်ပျော်သွားတာ ကျောင်းဆင်းမှပဲနိုးတယ်။
ကျောင်းကားကြီးဆီချီတက်တော့ ဒူးတွေတောင်ချောင်နေတယ် အသက်ရှုတောင်သိပ်မမှန်ချင်တော့ဘူး ဖြည်းဖြည်းချင်းပဲလျှောက်လာပြီး ဦးထားတဲ့ထိုင်ခုံမှာထိုင်ချပစ်လိုက်တယ်။ ကြားသားမိုးကြိုး ခုမှကြည့်မိတယ်ဦးမိဦးရာဦးလိုက်တာ ပြတင်းပေါက်ဘေးနားကထိုင်ခုံဦးမိသွားတယ် စိတ်တော်တော်ပျက်သွားပြီး ငါတော့ဒီနေ့မိုးရောလေရောမိပြီဆိုပြီး ငိုင်နေရတယ် ကားစထွက်ကတည်းက လေတွေတိုက်လိုက်တာ ကိုယ်တွေစပူလာသလို ခံစားရတယ် ထိုင်ခုံလက်တန်းမှာလက်တင်ပြီးမျက်လုံးလေးစင်းပြီးစီးလာတာ သန်လျင်မြို့ထွက်ခါနီးမှာ မိုးတွေသဲလာလိုက်တာ ပါးတွေကိုရော ယူနီဖောင်းပေါ်ရောအကုန် မိုးစက်တွေ တပေါက်ပေါက်နဲ့ ခေါင်းလည်းတအားထိုးကိုက်လာပြီဆိုတော့ ယောင်ပြီးနဖူးကိုထစမ်းမိတော့ ပူခြစ်တောက်နေပါလား လန့်သွားပြီး ရှေ့မှာထိုင်တဲ့သူငယ်ချင်းကို တံခါးပိတ်ဖို့နှိုးဆော်ရတယ် အပူပိုင်းဒေသကလာတဲ့သူတွေလားအောက်မေ့ရတယ် ဒီမှာလူကချမ်းလို့သေခါနီးနေပြီ ပြတင်းပေါက်ပိတ်ဖို့ပြောတာ တစ်ဝက်ပဲပိတ်တယ် လိန့်ပိန့်ပြီးခံပေါ့ ဟွန်း..။ အဲ့လိုနဲ့ကားလည်းမြို့ထဲရောက်ရော သူငယ်ချင်းတစ်ယောက်နဲ့ တူတူမိုးရေထဲမှာအိမ်ပြန်လာခဲ့ရတယ် သူနဲ့ကနွေမိုးဆောင်းသုံးရာသီးလုံးပြန်နေကြပါ ခေါင်းထဲမှာလည်းပိုမူးလာပြီး အသက်ရှူလို့တောင်မရချင်ဘူး အရင်လို လမ်းမှာမူးလဲမှာလည်းကြောက်ရတယ် အရင်တုန်းကမူးလည်းတုန်းကလည်းဒီသူငယ်ချင်းပဲ။ ဒါပေမယ့် ဒီတစ်ခါ တော်တော်ဆိုးတာပါ အိမ်တောင်ပြန်ရောက်ပါဦးမလားလို့ ပေါက်ပေါက်ရှာရှာတွေးလိုက်သေးတယ် သူငယ်ချင်းကသူ့အိမ်ရောက်တာနဲ့တန်းပြေးတာပဲ အိမ်ချစ်ကြီးလေ သူ့အိမ်ကနေ ရိုးရာအိမ်ရောက်ဖို့ခြေလှမ်း၁၅၀လောက်တော့လျှောက်ရတယ် အသက်ရှူမဝရင် လမ်းလည်းလျှောက်ရခက်တယ်လေ ဖြစ်ဖူးကြလား ဒီလိုနဲ့အားတင်းပြီးအိမ်ရှေ့ရောက်လာတယ် မဝတဲ့အသက်ကိုသေချာရှူပြီး အိမ်ခန်းရှိတဲ့၃လွှာကိုတက်ရသေးတယ် ၂လွှာလောက်အရောက်မှာ အချစ်ဆုံးမမကိုတွေ့တော့ တင်းထားတဲ့အားတွေလျှော့ပြီး ဗြဲဆိုငိုချလိုက်ရော ဟဲဟဲဟဲ လူဆိုတာအားငယ်လာရင်အဲ့လိုပဲထင်တယ်နော် ရိုးရာရဲ့မမလည်းမျက်လုံးပြူးပြီး ဘာဖြစ်လို့လည်းဆိုပြီး အိတ်တွေရောခြင်းတွေရော အကုန်ကူသယ်ပေးပြီး အိမ်ပေါ်မြန်မြန်တက်ကြတာပေါ့ အိမ်ထဲရောက်ရော ရိုးရာရဲ့အချစ်ဆုံးမောင်လေးတွေက မမကျောင်းကပြန်လာပြီလားလို့ ဝမ်းသာအားရနဲ့လှမ်းမေးကြတယ်လေ ဂရုမစိုက်နိုင်ပါဘူး အိမ်ခန်းထဲမြန်မြန်ဝင်ပြီး ကုတင်ပေါ်အားရပါးရ လှဲပြီးအိပ်လိုက်တယ် ရိုးရာရဲ့အမေက မနက်ဖြန်မွေးနေရမှာသူငယ်ချင်းတွေကိုပေးဖို့ ကျောက်စိမ်းသော့ချိတ်လေးတွေဝယ်ထားတာလှမ်းပြောတယ် ကြားတစ်ချက်မကြားတစ်ချက်ပါပဲ ပြီးတော့အိပ်ပျော်သွားပါတယ် ပြန်နိုးလာတဲ့အချိန်မှာတော့ ခေါက်ဆွဲပြုတ်နဲ့ ဆေးခါးခါးတွေက စောင့်ကြိုနေပါတယ် ဆေးတော့သောက်လိုက်ပေမယ့် ဘာမှစားချင်စိတ်မရှိတာ။ အအေးမိပြီးဖျားတာလောက်ခံရခက်တာမရှိဘူး ကျောင်းတက်တာ၂နှစ်ရှိပြီတခါမှမဖျားဖူးဘူး အဖျားဆိုတာအချိန်နဲ့အခါနဲ့ ဖျားတာဟုတ်ဘူး သူများ ၁၈ပြည့်မွေးနေ့လေး လုပ်ဖို့တစ်ရက်အလိုမှဖြစ်ရတယ်လို့ စိတ်တွေလေသွားတယ် စိတ်လေတာထက် အားလုံးဝကိုမရှိဘူး အာရုံထဲမှာနာ့roll call တွေသယ်ချင်းတွေမှထူးပေးပါ့မလား စဉ်းစားနေတာ မွေးနေ့လည်းတစ်နေ့လုံးအိပ်ရာထဲကမထနိုင်ဘူး တစ်ပတ်လုံးလုံးမထနိုင်ဘူး ဆိုလွန်မလားမသိဘူး တကယ်ပါ မောင်လေးတွေနဲ့လည်းမကစားဖြစ်ဘူး သူတို့က ကစားချင်လို့ကိုယ့်အခန်းထဲလာရင်လည်း လူကြီးတွေက မမနေမကောင်းဘူးလို့ ပြောလိုက်ရင် မျက်နှာငယ်လေးတွေနဲ့ အိမ်ရှေ့ကိုပြန်ပြန်သွားကြတယ် မျောက်လောင်းလေးတွေ ခေါင်းဆောင်ကြီးနေမကောင်းတော့ သူတို့ခမျာဘယ်ကဘာစဆော့ရမှန်းမသိဖြစ်နေကြလေရဲ့ ကျောင်းမှာလည်းကားနေရာဦးပေးမယ့် ဒီလူမရှိတော့ နှမတော်တွေ ကော်ခုံနဲ့နှစ်ပါးသွားကြလေရဲ့ ၇ယောက်အုပ်စုဂျီတီစီမှာ ဂျလေရိုက်ရင် ခေါင်းဆောင်ကြီးမပါတော့ အားနည်းတာပေါ့ ဟဲဟဲ တခါတခါစဉ်းစားမိတယ် တစ်ချို့လောကကြီးမှာ အကြောင်းအရာတွေဟာ အကွက်ချပြီးဖြစ်လာတာလားလို့ အရမ်းပိရိသေသပ်ပြီး ရိုးရာတို့လူတွေရှောင်လွဲလို့မရအောင်စီမံကိန်းချပြီး ဖြစ်ပျက်လာတာလားလို့ ခုလည်းဒီလိုပဲ တစ်သက်မှာတစ်ခါ ဒီအသက်မှာဒါလုပ်မယ်ဆိုပြီးမှန်းထားခါမှ အသေအချာ ဖျားပါတယ် ကွက်တိပါပဲ။လုံးဝဖြစ်ချင်တာ လုပ်ချင်တာ မလုပ်လိုက်ရပါဘူး။ လောကကြီးဟာဒီလိုပါပဲ။ ဘာမှမသေချာတာပါ။ စာဖတ်သူတွေရဲ့ဘဝမှာရော ခုလိုတိုက်ဆိုင်ပြီး မလုပ်ဖြစ်လိုက်တဲ့အခြေအနေတွေရှိခဲ့ကြပါသလား။ ။
posted by Yoya May @ 11:53 PM  
0 Comments:

Post a Comment

<< Home