About Me
Name: Yoya May
Home: yangon, yangon, Myanmar (Burma)
About Me: စာပေနယ်မှာ မရင့်ကျက်သေးတဲ့ ဘာမှမဟုတ်သေးတဲ့ လူသားတစ်ယောက်ပါ
See my complete profile
Previous Post
Archives
Sidebar Section

Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.

Links

Free Blogger Templates

BLOGGER

 

 

 
  Sunday, March 29, 2009  
 
 
ရင်ဖြင့်သီကုံးရေးသားအပ်သော ကာရန်မဲ့ကဗျာ

အသက်ရှူမဝတဲ့ ငါ့ရဲ့ညတွေများခဲ့ပြီ
ဖြုန်းတီးပစ်မိတဲ့အချိန် မာနတွေ
ဆေးပူပေါင်းလိုပျောက်ကွယ်စဉ်မှာ
ငါတိတ်တခိုး ရှိုက်ငိုခဲ့မိတယ်
သကာလိုချိုတဲ့စကားတွေ
မာယာပိုတဲ့လူတွေကြားမှာ
ရှုံးနိမ့်ဖို့ ပိုကြောက်လာခဲ့တယ်
ဟန်ဆောင်တဲ့အပြုံး အသက်မပါတဲ့မျက်လုံးတွေနဲ့
ကျင့်သားရသွားခဲ့တာ ငါကိုယ်တိုင်တောင်မသိခဲ့။

အသံတိတ်အော်ဟစ်သံတွေနဲ့
ဆူညံနေတဲ့ ငါ့ရင်မှာ
“ဘဝ” ဆိုတဲ့မေးခွန်းကို အကြိမ်ကြိမ်မေးနေမိတယ်
လျှောက်ခဲ့ဘူးတဲ့ လောကလမ်းမှာ
လောကဓံကို ပြည့်စုံမှုလို့ ငါယူဆမိတယ်
်သူတပါးမှာမရှိတဲ့ အရာတွေ
ငါပိုင်ဆိုင်ခဲ့ပြီး
လူတိုင်းရနိုင်တဲ့အရာတွေ
ငါစွန့်လွှတ်ခဲ့ရတယ်
အတိတ်မေ့ချင်ယောင်ဆောင်ပြီး
ငါ့အတ္တတွေထဲ ပျော်ဝင်နေခဲ့မိတာ
မျက်ရည်တွေ လှုပ်နှိုးမှ
ငါဆိုတာ ဘာလဲသိလိုက်ရတယ်
သတိမမူတော့ ဘယ်သိမလဲ
အင်းလေ ငါမသိချင်ယောင်ဆောင်ခဲ့တာ

နွေးထွေးတဲ့ အပြုံးတွေ
ယုယတဲ့ လက်တွေနဲ့
လောကကြီးက ကနဦးမှာကြိုဆိုခဲ့တယ်
ရူးခဲ့တယ်လို့ ဆိုချင်ဆို
ဒါတွေကိုအတော်လေး သာယာခဲ့မိတယ်
အရိပ်ကို အရောင်ထင်ပြီး
တံလျှက်တွေ ကြားထဲမှာ
အေးမြတဲ့အရိပ်ထင်ပြီး
ခိုလုံချင်စိတ် ပေါ်လာပြန်တော့
မခံချင်စိတ်တွေ၊ ဖိနှိပ်မှုတွေက
ငါ့ကိုတစ်ချက် သတိပေးတယ်
မင်းမှာ အခွင့်မရှိဘူးတဲ့

နာကျည်းမှုများစွာထဲမှာ
ငါစေတနာမှိန်မှိန်လေးထွန်းပြီး
ကန္တရအမှောင်မှာ
ငါ တရွေ့ရွေ့လျှောက်သွားခဲ့တယ်
ငါ တရွေ့ရွေ့လျှောက်သွားနေတယ်
ငါ တရွေ့ရွေ့လျှောက်သွာဦးမှာပဲ
ငါဘာအတွက်အသက်ရှင်တာလဲ

ဘဝတစ်ခု ရှင်သန်ဖို့
ဘဝပေါင်းများစွာကလိုက်ပေးဆပ်ရမလား။
ဘဝပေါင်းများစွာတွေ ရှင်သန်ဖို့
ငါ့ဘဝတစ်ခု ပေးဆပ်ဖို့လိုသလား။
မျက်ရည်တစ်စက်က ပါးပြင်ပေါ်ကျချင်နေတယ်
ဒါပေမယ့် မျိုသိပ်မှုတွေကြားမှာ
သူမာနအဖြစ်ပြောင်းသွားပြီး
ဖြူစင်မှုနှလုံးသားမှာ
ခပ်မဲ့မဲ့ပြုံးပြီး အတ္တဆန်လိုက်တော့တယ်
ငါ့ကိုခွင့်မလွှတ်ပါနဲ့။
လောကကြီးက ငါ့ကိုပြောင်းလဲပစ်လိုက်တာလား
ငါကပဲအပြောင်းအလဲကို မခံနိုင်တာလား
မသိတော့ဘူး။

စဉ်းစားလို့မရတဲ့အတွေးတွေ
သုံးလို့မရတဲ့လက်တွေ့တွေ
ပြင်းလွန်းတဲ့ မာယာတွေကြားထဲမှာ
ငါ့အသည်းနှလုံးတွေ မာကြောသွားခဲ့ပြီ
ငါ့ကိုမဖြူစင်တဲ့လူလို့ထင်ရင်
ငါ့အနားကဘယ်သူမဆို ထွက်သွားနိုင်ပါတယ်။
ငါဝမ်းမနည်းပါဘူး
မင်းလည်း အဖြူမဟုတ်တဲ့ အရောင်နဲ့လူသားတစ်ယောက်ပဲလေ။
posted by Yoya May @ 1:28 AM  
1 Comments:

Post a Comment

<< Home