About Me
Name: Yoya May
Home: yangon, yangon, Myanmar (Burma)
About Me: စာပေနယ်မှာ မရင့်ကျက်သေးတဲ့ ဘာမှမဟုတ်သေးတဲ့ လူသားတစ်ယောက်ပါ
See my complete profile
Previous Post
Archives
Sidebar Section

Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus.

Links

Free Blogger Templates

BLOGGER

 

 

 
  Thursday, March 19, 2009  
 
 
အံ့ဖွယ်ချစ်သူတွေ

ရိုးရာတက်ခဲ့တဲ့ကျောင်းကအဖြစ်မှန်တစ်ခုပါ
ရိုးရာတို့ကျောင်းမှာစာသင်ခန်းတွေအပြင် ကျောင်းသားကျောင်းသူတွေ ပုံဆွဲဖို့အတွက် Drawing ဆောင်သီးသန့်ပေးထားပါတယ် Drawing ချိန်မရှိတဲ့နေ့တွေဆိုရင် အခန်းအလွတ်တွေမှာ စကားပြောတဲ့သူပြော နားတဲ့သူကနား ပုံဆွဲစရာရှိတဲ့လူကဆွဲနဲ့ပေါ့ ပြီးတော့ Drawing ဆောင်ကြီးကိုမှ D1 D2 D3 ဆိုပြီးခွဲထားပြန်ရော အဲ့တော့ ကိုယ့်အဖွဲ့နဲ့ကိုယ်နေကြတာပေါ့ အတွဲတွေဆိုရင်ချောင်ကျကျအခန်းမျိုးကိုမှ ရွေးပြီးနေကြတာပေါ့ ဇာတ်လမ်းကစပြီ အားလုံးအေးဆေးနေတုန်းပေါ့ ဟိုဘက်အခန်းကဆူဆူညံညံကြားတယ်ဆိုပြီး အားလုံးသွားစပ်စုကြတာပေါ့ အဲ့တော့ ဟိုဘက်အခန်းမှာစုံတွဲတတွဲရန်ဖြစ်နေကြပါလေရော ရန်ဖြစ်တာများအဆန်းလုပ်တယ်လို့မထင်ပါနဲ့ စတိုင်လ်အသစ်နဲ့ဖြစ်တာသူတို့က။
ကောင်လေးကကောင်မလေးရဲ့ရှေ့မှာရပ်နေတယ် ပြီးတော့ကောင်မလေးကသူတပ်ထားတဲ့မျက်မှန်ကိုအသာလေးချွတ်ပြီးမျက်စိစုံမှိတ်ပြီး ခေါင်းလေးကိုမော့ထားပါတယ် ဘာလုပ်တယ်ထင်ပါသလဲ ကောင်လေးကကောင်မလေးမျက်နှာပေါ်ကိုအားနဲ့ရိုက်ချလိုက်ပါလေရော စပ်စုတဲ့လူတွေလည်းကြောင်ကုန်တာပေါ့ ဘာဖြစ်တာလဲဟဆိုပြီးတော့ တစ်ချက်ထဲလားဆိုတော့ မထင်ပါနဲ့ သုံးလေးချက်ကိုချတာ ကောင်မလေးကိုကြည့်တော့လဲ ဘာမှမဖြစ်သလိုပုံနဲ့ အံ့ရောပဲ ကဲပြီးသွားတော့ စပ်စုတဲ့လူတွေရော အတန်းလစ်ပြီး Drawing ဆောင်လာနေတဲ့ဖိုက်တာ တွေရော အခြေနေမကောင်းဘူးဆိုပြီးရှောင်ထွက်သွားကြပါလေရော ရိုးရာရဲ့သူငယ်ချင်းတွေကတော့ ဆက်ပြီးစပ်စုနေကြတာပေါ့ ဟိုအတွဲဘာဖြစ်သွားမယ်ထင်ပါသလဲ ဘာမှမဖြစ်ပါဘူး ကောင်မလေးကလှေကားခြေရင်းမှာ သွားထိုင်နေတယ် ကောင်လေးကကောင်မလေးနားသွားပြီး တိုးတိုး တိုးတိုးနဲ့ ထုံးစံအတိုင်းချော့တာပေါ့ ကြည့်စမ်းသူပဲသူများသားသမီးကို ချချင်တိုင်းချပြီး ခုတော့သူ့မှာအပြစ် မရှိသလိုနဲ့ ဟင်းတော်တော်လိုက်တဲ့အတွဲ။
ဒါနဲ့ပဲ ကျောင်းတက်ရက်တွေပြီးလို့ ကျူရှင်တက်ရပါလေရော ဆရာမကိုအဲ့အကြောင်းပြန်ပြောတော့ အဲ့စုံတွဲကအဲ့လိုပဲတဲ့ ဟိုနေ့ကဖြစ်တာကောင်မလေးက တစ်ခြားကောင်လေးနဲ့စကားသွားပြောတာကောင်လေးကမကျေနပ်လို့ lecture ပေးလိုက်တာတဲ့လေ ကောင်လေးမှားရင်လည်းကောင်မလေးက ဒီလိုပဲပြန်လုပ်ပါသတဲ့ တစ်ခါဆရာမက အဲ့ဒီဝိုင်းကိုစာသွာသင်တာ ကောင်မလေး ကပြန်ပြောပြတယ်တဲ့ သူတို့ကသိပ်ချစ်တာဆိုပဲ ကောင်မလေးကအသားဖြူတော့လက်မောင်းမှာကောင်လေးက ဆိတ်ဆွဲထားတာညိုမည်းနေတာပဲတဲ့ ကဲသူတို့ချစ်ပုံကတော့အံ့ဖွယ်ပဲ ရိုးရာကတော့ချစ်သုမရှိရင်နေပါစေ အဲ့လိုချစ်သူမျိုးကိုတော့ လုံးဝvery sorry ပဲ
သူငယ်ချင်းတို့ လည်းဒီလိုပဲခံစားရမိမယ်ထင်ပါတယ်။
posted by Yoya May @ 12:18 AM  
1 Comments:
  • At July 29, 2009 at 11:39 AM, Blogger ဇင် said…

    ကောင်းတယ် တော်တော် ချစ်ကြတာဘဲ
    ပြတ်သွား၇င်တော့ဘယ်လို့ဖြစ်သွားကြမယ်လဲမသိ

     

Post a Comment

<< Home